Saturday, April 10, 2010

စိုင်းစိုင်းနှင့်ဝတ်မှုန်တို့ ၏မင်္ဂလာဧည့်ခံပွဲအပြီး ၀တ်မှုန်ရွှေရည်မှာထူးဆန်းစွာပျောက်ဆုံးနေ ...




စိုင်းစိုင်းနဲ့ ဝတ်မှုန်တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲအပြီးမှာ ၀တ်မှုန်ရွှေရည်မှာ ထူးဆန်းစွာ ပျောက်ဆုံးနေတယ်လို့  သတင်းကြားလျှင်ကြားချင်း ပျော်တော်ဆက်လဲ ဖုန်းနဲ့ တဖုံ စာနဲ့ တသွယ် အင်တာနက်မှတနည်း လူကိုယ်တိုင်တမျိုး စုံစမ်းခဲ့ရာ ... အမှန်တကယ်ပင်ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းတစ်ခုကို ရရှိခဲ့ပါတယ်။

ရရှိတဲ့ သတင်းပြည့်ပြည့်စုံစုံကို ပြန်လည်ဖောက်သည်ချရရင် ...



ရန်ကုန်တိုင်း ရန်ကင်းမြို့ နယ် ရေကန်ကြီးရပ်ကွက် ရာကွတ်လမ်း အမှတ် ၇(က)နေ ဦးတုတ်ပေါ (ရေအရင်းမြစ်ဦးစီးဋ္ဌာန-ရေတွန်းလှည်းများကြီးကြပ်ရေးကော်မတီ) နှင့် ဒေါ်ကုလားမ (ထင်းအစားထိုးလောင်စာထိမ်းသိန်းရေးကော်မတီ-ဖွဲပြာဋ္ဌာန) တို့ ၏ တစ်ဦးတည်းသော နို့ ညှာသား

စိုင်းစိုင်း (ခေါ်) အောင်ဘု TTMY (တောက်တိုမယ်ရအော်ဖစ်ဆာ)

နှင့်

ရန်ကုန်တိုင်း သန်လျင်မြို့ နယ် အုတ်ဖိုစုရပ်ကွက် ဘူတာရုံနှင့်ထန်းရည်ဆိုင်ကြားနေ ဦးအာပလာ (ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန-လေထိုးကျွတ်ဖာ) နှင့် ဒေါ်ဂွက်ထော် (မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း-ဈေးကောက်) တို့ ၏ ၁၈ ယောက်မြောက် သမီးလတ်

ဝတ်မှုန် (ခေါ်) မိဂျန်းတော MD (မျက်မမြင်ဒုက္ခိတကျောင်းသန့် ရှင်းရေး)

တို့ ၏

မင်္ဂလာဧည့်ခံပွဲအပြီးတွင် မင်္ဂလာလက်ဖွဲ့ အဖြစ်ရရှိထားသော မော်ဒယ် ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် ၀တ်မှုန်ရွှေရည် ရုပ်ပုံပါ ၂၀၁၀ ခုနှစ်ထုတ် ပြက္ခဒိန်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားပါကြောင်း ...

ဟီး ဟီး ဟီး


ဟား ဟား ဟား ဟား


နာတိလယ် နင်တို့ တွေ အဟုတ်မှတ်ပြီးလာဖတ်ကြတာ


ရှက်ပါတယ် ကရော် ကရော်


ဟား ဟား ဟား ဟား

Friday, April 9, 2010

နန္ဒာလှိုင် ပါးရိုက်ခံရတဲ့ သင်္ကြန်




တော်တော်တော့ ကြာသွားပါပြီ။ အင်း ၉နှစ်လောက်တော့ ရှိသွားပြီထင်တယ်။ ဒါပေမဲ့လဲ ပျော်တော်ဆက် ဒီအကြောင်းလေးကို အခုထိ မှတ်မှတ်ရရ ရှိနေဆဲပါ။ သင်္ကြန်အကြိုနေ့  ရက်တစ်ရက်ပေါ့။ ပျော်တော်ဆက်တို့ တစ်တွေ သင်္ကြန်ရုပ်ရှင်ကားကြီးတစ်ကားရုက်ဖို့  ကွမ်းခြံကုန်းမြို့ လေးဘက်ကို ထွက်ခဲ့ကြတယ်။ ရိုက်ကွင်းက ထူးထူးခြားခြား အများရိုက်နေကြတဲ့ ချောင်းသာကမ်းခြေ မဟုတ်ပဲနဲ့  ပျော်တော်ဆက်ရေးထားတဲ့ ၀ထ္တုထဲကအတိုင်း လက်ခုပ်ကုန်းကမ်းခြေကို စီစဉ်ထားကြတာ။ ဒီကားမှာ မင်းသားသုံးလက် မင်းသမီးသုံးလက်ပါတယ်။ ကျော်သူ ရန်လေး ဝေဠုကျော် မဆင့် စိုးစိုးနဲ့  နန္ဒာတို့ လေ။

ကွမ်းခြံကုန်းမြို့ လေးကိုသွားဖို့  ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဒလဖက်ကမ်းကို ဇက်သင်္ဘောနဲ့ မင်းသားမင်းသမီတွေ ရိုက်ကူးရေးအဖွဲ့ တွေ စက်ပစ္စည်းတွေ ကားတွေတင်ပြီး ကူးကြတယ်။ ကားတွေဆိုလို့  များများစားစား မဟုတ်ပါဘူး ၇ စီးထဲပါ။ ဒါရိုက်တာ ရိုက်ကူးရေးအဖွဲ့  နဲ့  စက်ပစ္စည်းတွေတင်ဖို့ မီနီဘတ်စ်တစ်စီး ဒိုင်နာတစ်စီး ဟိုင်းလပ်တစ်စီး၊ ရုပ်ရှင်အဖွဲ့ သားတွေစီးဖို့  မှန်လုံကားကြီးတစ်စီး၊ ဝေဠုကျော်ကားတစ်စီး နန္ဒာလှိုင်ကားတစ်စီးနဲ့  ပျော်တော်ဆက်ရဲ့  ဂျစ်ကားအစုပ်လေးတစ်စီးပါ။ ကျန်တဲ့မင်းသားမင်းသမီးတွေကတော့ နောက်မှ သူတို့ အစီစဉ်နဲ့ သူတို့ လိုက်လာကြမှာလေ။

ဒလဖက်ကမ်းကနေ ကွမ်းခြံကုန်းမြို့ လေးဆီ ထွက်ခဲ့ကြတော့ ပျော်တော်ဆက်ဂျစ်ကားအစုပ်လေးက ရှေ့ ဆုံးကလေ။ ပျော်တော်ဆက်က ကွမ်းခြံကုန်းမှာနေခဲ့ဘူးတဲ့သူဆိုတော့ လမ်းပြပေါ့။ ပျော်တော်ဆက်နောက်က ဝေဠုကျော်၊ ဝေဠုကျော်နောက်က နန္ဒာလှိုင်၊ နန္ဒာလှိုင်နောက်က မှန်လုံကားကြီး မီနီဘတ်စ် ဒိုင်နာ ဟိုင်းလပ်တွေတန်းစီကြတာပေါ့။

- ဟေ့ ငပျော် မင်းကလမ်းကျွမ်းတော့ ရှေ့ ကသွား ငါတို့ က လမ်းမသိတော့ ဟဲဟဲ

- ကုသိုလ်ကြီး ကျုပ်ကိုခွေးနဲ့ နှိုင်းတာလား

- စိတ်မဆိုးပါနဲ့ ငပျော်ရာ ငါတို့ တကယ်မသိလို့ ပါ

- ထားတော့ထားတော့

အဲသလိုပဲ ကုသိုလ်က ဒါရိုက်တာလုပ်ပေမဲ့ ဒါရိုက်တာသိက္ခာနဲ့  မနေဘူး ဟိုလူ့ နောက်လိုက် ဒီလူနောက်လိုက်။ ဒီကားမှာလဲ သူပဲ ဒါရိုက်တာလေ။

အဲလိုနဲ့  ထွက်လာလိုက်ကြတာ ကံဘဲ့ကျော်လို့  ကော့မှူးမြို့ အနီးရွာလေးတစ်ရွာကို ရောက်လာကြတယ်။ အဲဒီရွာလေးက ဆိုင်တစ်ဆိုင်မှာ ကားရေတိုင်ကီထဲ ရေဖြည့်ကြတယ်။ အဲဒီဘက်လမ်းတကြောက ကားတွေအားလုံး အဲဒီဆိုင်လေးမှာ ခေတ္တနားကြစမြဲ။ ဆိုင်ရဲ့ နဘေးမှာ ညောင်ပင်တစ်ပင်နဲ့ နတ်စဉ်လေးတစ်ခုရှိတယ်။ ဦးတိုက်တယ်လို့ ဆိုရမှာပေါ့။

ဒါက အဲဒီဘက်နယ်ကလူတွေ လုပ်ရိုးလုပ်စဉ်လေ။

ကားနားတော့ လူတွေလဲဆင်းပြီးနားကြတယ်။ ဆေးလိပ်သောက်တဲ့သူသောက်။ အပေါ့အပါးသွားတဲ့သူသွား။ ကျန်းမာရေး မှတ်တိုင်ဆိုရင်လဲ မမှားပါဘူး။

ကားပေါ်ကဆင်းလာတဲ့သူတွေထဲမှာ ပျော်တော်ဆက်ကလွဲရင် အားလုံးလန်းလန်းဆန်းဆန်းတွေချည်းပဲ။ ပျော်တော်ဆက်တစ်ယောက်ထဲသာ ကြွက်စုပ်ဖြစ်နေတာ။ မဖြစ်ခံနိုင်ရိုးလား။ သင်္ကြန်အကြိုနေ့ သာဆိုတယ် တစ်လမ်းလုံးပက်လိုက်တဲ့ရေ။ လမ်းတစ်လျှောက် ဖြတ်လာခဲ့တာရွာတွေပဲ။ ရေပက်ကြတာလဲ ရွာထဲက ကလေးတွေပဲ။ ကလေးတွေဆိုတောလဲ ပက်ကြပေါ့။ သင်္ကြန်ဆိုတော့လဲ ပက်ကြပေါ့။ ပက်ကြတော့ ပျော်တော်ဆက် ကြွက်စုပ်ဖြစ်တာပေါ့။ ပျော်တော်ဆက်ကားက ဂျစ်ကားဖြစ်တဲ့အပြင် အမိုးရော အကာရော ရှေ့မှန်ရော ဖြုတ်ထားတာဆိုတော့ ပက်သမျှရွှဲရွှဲကို ဆိုတော့တာပဲ။ ပျော်တော်ဆက်လဲ ချမ်းချမ်းနဲ့ အပေါ့သွားချင်ယောင်ဆောင်ပြီး ဆိုင်နောက်ဖက်ပတ်ကာ ပါလာတဲ့ ရမ်ပုလင်းလေးဖွင့် ပြီးတော့ တစ်ကြိုက်မော့ နောက်အသင့်ဝယ်လာတဲ့ သရက်ပြားလေးလေးကိုက်ပြီး ...

- ဟိတ် ... ဒီမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ

- ဟာ ... မင်းသမီး

ဗြုန်းဆို အနားရောက်လာတဲ့ နန္ဒာလှိုင့်ကိုမြင်လိုက်တော့ သူခိုးလူမိသလို ပျော်တော်ဆက်လက်ထဲက ပုလင်းကို ဘယ်ဝှက်လို့ ဝှက်ရမှန်းမသိဖြစ်နေတယ်။

- အခုမှဝှက်မနေနဲ့ မြင်ပြီးပြီ

ပြောပြောဆိုဆို နန္ဒာပျော်တော်ဆက်နဘေးမှာ ငုတ်တုတ်လာထိုင်တယ်။ ပြီတော့ ဘာမပြောညာမပြောနဲ့ ပျော်တော်ဆက်ပေါင်ခြံထဲကို လက်ထိုးနှိုက်တယ်။

- ဘာလုပ်တာလဲမင်းသမီးရ

- ကိုင်ကြည့်မလို့ လေ

- ဟာ မင်းသမီကတော့ ဒုက္ခပဲ ဝေဠုတွေ့ သွားရင်ပြဿနာတက်မယ်

- သူ့ လား ခေါက်ထားလိုက်စမ်းပါ

ပြောမရတာနဲ့  နောက်ဆုံး နန္ဒာ့ကို စောစောက ရှက်ရှက်နဲ့ ပေါင်ခြံကြားထဲ ထိုးဝှက်ထားတဲ့ ရမ်ပုလင်းကို ပေးကိုင်လိုက်ရတယ်။ ဟီးဟီး

နန္ဒာပုလင်းပေးကိုင်လိုက်တာကိုမှအားမရသေးပဲ ပျော်တော်ဆက်ပါးနားကပ်လာပြီး ဒီလိုပြောတယ်။

- နန်နာ့ကိုဖွင့်ပေးပါလား

နန္ဒာစကားကြောင့် ပျော်တော်ဆက်လဲ ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်ပြီး ဘေးဘီလျှောက်ကြည့်နေမိတယ်။ ဘယ်သူများကြားသွားလဲလို့ ပေါ့။ အရက်ကလေးက နဲနဲဝင်သွားပြီဆိုတော့ လူကတွေးချင်ရာတွေ လျှောက်တွေးပစ်နေတာ။

- အရင်းမရှိအဖျားမရှိ မင်းသမီးရယ် ရင်တွေတုန်လိုက်တာ ဘာကိုဖွင့်ပေးရမှာလဲ

- ဒီပုလင်းကိုပြောတာ သောက်ကြည့်မလို့ လေ ကောင်းလား

ဟူး ... တော်ပါသေးရဲ့ 

- မသောက်ပါနဲ့  မင်းသမီးရာ မကောင်းဘူး မူးတယ်

- မူးရင် ဘာလို့ သောက်လဲ

- မူးချင်လို့ သောက်ပါတယ်ဆိုမှ

- နန်နာလဲနဲနဲသောက်ကြည့်ချင်တယ်

ပြောပြောဆိုဆို နန္ဒာက ရမ်ပုလင်းဖုံးကိုဖွင့်နေတယ်

- ဖွင့်ပေးဆိုမှ

- မလုပ်ပါနဲ့ ဟာ အခုနေ ဝေဠုရောက်လာရင် မလွယ်ဘူးနော

- အော ဒီမှာလာပြီး ကိုငှက်ပျောတောတို့ က ကြိတ်ပုန်းခုတ်နေတယ်ပေါ့ ဟုတ်စ

ဟိုက် ပလုတ်တုတ် ဝေဠုရောက်လာပါလား။ သွားပြီ ပြဿနာတက်ပြီ။

- ကိုငပျော်တော်ပါကွာ မင်းကျမှ ကိုငှက်ပျောတောဖြစ်ရတယ်လို့  ဟင်းဟင်း မင်းလဲနောက်တတ်တာပဲနော်

- ကျုပ်ဘာသာဘယ်လိုခေါ်ခေါ် အခုမှဝေ့လည်ကြောင်ပတ်လာလုပ်မနေနဲ့  ဒီမှာတင်းနေတာ ခင်ဗျားကိုကျုပ်မကျေနပ်ဘူး

- ငါဘာများလုပ်မိလို့ လဲဝေဠုရာ ငါ့ဘာသာဒီမှာ အရက်ခိုးသောက်နေတာ သောက်ပါဦးလား ဟီးဟီး

- မသောက်ဘူး ခင်ဗျားနဲ့  အခုစာရင်းရှင်းရမယ်

အို ယာအလ္လာကယ်တော်မူပါ အရှင်ဂေါဓမမြတ်စွာဘုရားကယ်တော်မူပါ ရေရှုခရစ်ကယ်တော်မူပါ ကာလီမန်မယ်တော်ကယ်တော်မူပါ ကွမ်ရင်မယ်တော်ကယ်တော်မူပါ ရေငံပိုင်ဦးရှင်ကြီးကယ်တော်မူပါ ငပျော်တော်ဆက် ရေတိမ်နစ်ရပါတော့မယ် ...

- မင်းသမီး ကျုပ်ကိုကယ်ပါဦးဟ

နန္ဒာကလက်ထဲမှာ ရမ်ပုလင်းလေးကိုင်းပြီး ဝေဠုကိုတစ်လှည့် ပျော်တော်ဆက်ကိုတစ်လှည့် ကြည့်နေတယ်။

- ဟုတ်ပါတယ် ဝေဠုရယ် နန်နာတို့ ဘာမှမလုပ်ပါဘူး

ဝေဠုဒေါသကိုကြောက်နေရတဲ့ ကြားက နန္ဒာကစကားမပီပဲ သူ့ ကိုယ်သူ နန်နာပြောနေတော့ ရယ်ချင်စိတ်နဲ့ ပြုံးမိတယ်။

- ခင်ဗျားက ဘာပြုံးတာလဲ နန္ဒာလဲအတူတူပဲ နင့်ကိုလဲငါသိပ်ကြည့်မရတော့ဘူး

- နန်နာ ဘာလုပ်မိလို့ လဲ ဝေဠုရယ်

- ကိုယ့်ကိုယ်ကို သိမှာပေါ့

- နန်နာတကယ်မသိဘူး

- ဘာအခုမှ မသိချင်ယောင်ဆောင်နေတာလဲ

- ရှင်မတရားမစွတ်စွဲနဲ့ နော် နန်နာဘာလုပ်လို့ လဲ

- ဘာလုပ်လို့ လဲဟုတ်လား ငါကွာ ...

ပြောနေရင်းက ဝေဠုရဲ့ ညာဖက်လက် အပေါ်မြောက်တက်သွားတယ်။

ပျော်တော်ဆက်လဲ မကြည့်ရဲပဲ မျက်စေ့စုံမှိတ်ထားလိုက်တယ်။

ပြီးတော့ ........ ဘာသံမှမကြားရတာနဲ့  မျက်လုံးပြန်ဖွင့်ကြည့်လိုက်တယ် ...

အလိုလေးလေး ... စောစောက မြှောက်လိုက်တဲ့ ဝေဠုလက်က နန္ဒာပုခုံးကိုသိုင်းဖက်ထားပြီး ပြုံးလို့ ။ ဘယ်လိုနားလည်ရမလဲ နန္ဒဝေရယ် အယ် အယ်။

ပျော်တော်ဆက်က နန္ဒာလှိုင် ပါးရိုက်ခံရပြီထင်နေတာ မရိုက်သေးဘူးပဲ။

( ပရိဿတ်ကြီးရေ ... မရိုက်ခံရသေးဘူးဆိုတော့ သည်းခံပြီး ဆက်ဖတ်ကြပေဦးဗျို့  )

- နန္ဒာဘာလုပ်တယ်ဆိုတာ မသိဘူးမဟုတ်လား မသိရင်ပြောပြမယ် ကိုယ်ပိုင်ကားကြီး ယူလာတာကိုပြောတာ ခရီးဝေးသွားပါလျက်နဲ့ ကိုယ်တို့ နှစ်ယောက်က ကားတစ်ယောက်တစ်စီးနဲ့ ဆိုတော့ ဘယ်လိုလုပ်ပျော်ရတော့မှာလဲ ဟုတ်ဖူးလား

- စောစောကအဲလိုပြောရင် ပြီးသဲ့ဟာ သကယ်ထဲ လူကိုမထိတ်သလန့် ဖြစ်အောင်လုပ်သယ်

အော်........... ဒင်းတို့ ကဒီလိုကိုး သူတို့ ကိစ္စသူတို့ မရှင်းပဲနဲ့  ပျော်တော်ဆက်ကို ဘာမဆိုင်ညာမဆိုင်ဆွဲထည့်ပြီး ပြဿနာလာရှာနေတယ် ဟွင်း တွေ့ ကြသေးတာပေါ့။ စိတ်ထဲရှိတဲ့အတိုင်းသာဆို ဝေဠုကို ဆွဲထိုးပစ်လိုက်ချင်တာ။ မင်းသားကိုထိုးမှုနဲ့ ဇာတ်ညွှန်းဆရာဘ၀ကပြုတ်ပြီး နောက်ကြောင်းပြန်လှည့်စိုးလို့ ပေါ့ ဟွင်း ...

- မင်းတို့ ကွာ ဘုန်းကြီးအမှုရွာလာပတ်နေရတယ်လို့  ငါ့မှာ အရက်လေးခိုးသောက်ထားတဲ့ ဖီးလ်တောင်ဘယ်ပျောက်သွားမှန်း မသိတော့ဘူး

- ခင်ဗျားကြီးပါးစပ်ပိတ် ကျုပ် ခင်ဗျားကြီးကို ပိုဒေါသထွက်နေတာ

- ဟာဂျာ ဟာဂျာ ဟာဂျာ ဘယ့်နှာကြီးလဲကွာ

- ဘယ့်နှယ်ဗျာ ကျုပ်တို့ ကတော့ မှန်လုံးကားထဲမှာ မွန်းကြပ်လို့  ခြောက်သွေ့ လို့ အထီးကျန်လို့ ခင်ဗျားကြီးကတော့ အမိုးဖွင့် အကာဖွင့် မှန်ဖွင့်ထားတဲ့ကားပေါ်မှာ တွေ့ သမျှလူတွေကို ပြောင်လို့ နောက်လို့  ရေပက်ခံလို့  ကောင်မလေးတွေဆိုရင်လဲ ငန်းလို့ လန်းလို့ ကျုပ်တကယ်ကိုမကျေနပ်ဘူး

- အောင်မလေးလေးဗျာ ဘာများလဲလို့ အရှင်ဝေဠုဝန်ရယ် ကျုပ်ကမင်းသားတို့ လို ပါဂျဲရိုးတို့  ဆာ့ဗ်တို့  လင်ခရူဆာတို့ မှ မစီးနိုင်တာ အခုတောင်မှ ရှေ့ မှန်ကွဲသွားရင် ပြန်မတပ်နိုင်လို့ ဖြုတ်ထားခဲ့ရတာ

- ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီကထွက်ရင် ခင်ဗျားကြီးကားကို ကျုပ်တို့ နှစ်ယောက်စီးမယ် မပေးရင် ဒါရိုက်တာနဲ့ တိုင်မယ် ထုတ်လုပ်သူနဲ့ တိုင်မယ် ဒါပဲ

သေပြန်ပြီပေါ့ဆရာ ... အညှာကိုလာကိုင်မှတော့ ပျော်တော်ဆက်လဲ ဆန့်ငင်ဆန့်ငင်နဲ့ ဖြစ်ရပြီပေါ့။ ဘာများတတ်နိုင်မလဲ နင်တို့ အပေါ်စီးကရတုန်း နင်းထားကြဦးပေါ့ နောက် နင်တို့ နှစ်ယောက်ပါတဲ့ကားဆို ဘယ်တော့မှ ဇာတ်ညွှန်းရေးမပေးဘူး။ ( ဟီးဟီး စိတ်ထဲကပဲ ကြိမ်းရဲတာ ပါးစပ်ကထုတ်ကြိမ်းရင် ထမင်းအိုးကွဲပြီပေါ့ ) ပျော်တော်ဆက်က စာရေးတာနဲ့  အာချောင်တာနှစ်ခုပဲ တတ်တာလေ။

- ဒါဆို ကျုပ်က ဘယ်ကားသွားစီးရမှာလဲ

- ကျုပ်တို့ နှစ်ယောက်ကားကိုစီးလေ

- စဉ်းစဉ်းစားစားလဲပြောပါ မင်းသားရာ ကျုပ်တစ်ယောက်ထဲ ကားနှစ်စီးဘယ်လိုမောင်းရမှာလဲ

- မောင်းလို့ မရရင် တစ်စီးကိုဆွဲပြီး တစ်စီးကိုတွန်းခဲ့ဗျာ

- အာ ဟာဟာ အဲလိုတော့သေကြောင်းမကြံနဲ့ လေကွာ ကျုပ်ကားပဲကျုပ်စီးပရစေဗျာ ဘီးပဲဖက်လိုက်ရလိုက်ရ မင်းသမီး ကူပြောပေးပါဦးဟ

- ဟုတ်သားပဲဝေဠုရယ် ကိုပျော်သော်ကြီးကိုကားမောင်းခိုင်းပြီး နန်နာသို့က ဘေးကလိုက်စီးမယ်လေ

- မဖြစ်ပါဘူး ဝေဠုကျော်တို့ က ကားဆိုရင် ကိုယ်တိုင်မောင်းရမှကျေနပ်တာ နောက်ပြီး ကိုယ်တို့ ကားကိုဘယ်သူကမောင်းမှာလဲ

- ကိုကင်းနဲ့ ကိုအောင်သန်းဦးရှိသယ်လေ သူသို့ ကိုပေးမောင်ခိုင်းလိုက် စိတ်ချရပါသယ်

- အင်းပြီးရော ဒါဆိုသွားကြမယ်

တော်ပါသေးရဲ့  ဟိုမှန်ကြောင်နဲ့ ဒိန်းဒေါင်ကယ်လို့ ။ နောက်ဖြင့် သောက်ထားတဲ့ ရမ်ကလေး အလကားဖြစ်တော့မလို့ ။ အခုမှပဲ လွတ်လွတ်လပ်လပ်ငန်း အဲ လန်းရတော့မယ်။

ကားစထွက်တော့ ဝေဠုက ကိုယ်တိုင်မောင်းတယ်။ နန္ဒာကအလယ်က။ ပျော်တော်ဆက်က ဘေးအစွန်က။

xxx လောင်းလောင်း လောင်းလိုက်ပါ ရွှဲအောင်လောင်းလိုက်ပါ xxx ပက်ပက် ပက်လိုက်ပါ အပျိုကြီးတစ်ယောက်လဲပါ xxx

xxx ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ xxx

xxx ကော့မှူးမြို့ ကအကျယ်ကြီးဆို လျှောက်ပတ်ကြည့်တော့ ကျဉ်းကျဉ်းလေးပဲ xxx

xxx ဟိုအစ်မကြီး ငုတ်တုတ်ထိုင် ရည်းစားပျောက်လို့ မှိုင် xxx

xxx ဟေ့ အဲဒီလူကြီးကိုမယုံနဲ့  ခလေးအဖေကြီး xxx

အလယ်မှာ မင်းသမီးပါတယ်ဟေ့ ပက်ပက်

ဗွမ်း

xxx ခွက်စုတ်လေးနဲ့  ပက်တဲ့ရေ တုန်ဘူးဆို တုန်ဘူးဆိုပဲ xxx

ဒီမှာ ဝေဠုကျော်ကြီးဟ

ဗွမ်း

ဟယ် နန္ဒာလှိုင်လေးက လှလိုက်တာ

ဗွမ်း

ဒီလိုနဲ့  ကော့မှူးမြို့ ထဲရောက်တော့ တစ်ထောက်နားကြပြန်တယ်။ ကားပေါ်ကအဆင်းမှာ နန္ဒာကခေါင်းကရေတွေကို သဘက်နဲ့ သုတ်ရင်း ပျော်တော်ဆက်အနားရောက်လာတယ်။ ပြီးတော့မျက်နှာရှစ်ခေါက်ချိုးနဲ့ ။

- ကိုပျော်သော်ကြီးကို မကျေနပ်ဘူး

လာပြန်ပြီနောက်တစ်ယောက်။

- ဘာမကျေနပ်ရပြန်တာတုန်း မင်းသမီးရယ် တစ်ယောက်ပြီးတစ်ယောက် ကျုပ်ကို အနုနည်းနဲ့ သတ်နေကြတာလား

- သကယ်သတ်ပစ်ချင်နေသာ

- အောင်မြတ်ငှေး ... မင်းသမီးတို့ ပါးစပ်နဲ့ သတ်တာနဲ့ တင်ပဲ သေနေလောက်ပါပြီဗျာ

- နန္ဒာဘာဖြစ်လို့ လဲ ချမ်းလို့ လား

ဝေဠုရောက်ရောက်လာသဖြင့် ပျော်တော်ဆက်စိတ်နဲနဲအေးရသည်။

- မဟုတ်ပါဘူးဝေဠုရယ် ဒီလူကြီးကိုမကျေမနပ်ဖြစ်နေသာ

- ဘာလဲ ဒီလူကြီးက ကိုယ့်အလစ်မှာ နမ်းလိုက်လို့ လား

သေစမ်း ။ ကယ်တင်ရှင်များရောက်လာသလားမှတ်တယ် သူကအချွန်နဲ့ ထပ်မ နေပြန်ပြီ။

- မဟုတ်ပါဘူး သလမ်းလုံးသူကပျော်နေပြီး နန်နာကအလယ်ကထိုင်ပြီး ရေလဲသိပ်မစိုဘူး ပျော်လဲမပျော်ရဘူး အဲသာမကျေနပ်သာ

- အဲဒီတော့

- ဒီကထွက်ရင် နန်နာဘေးကထိုင်မယ်

- မဖြစ်ဘူးထင်တယ်မင်းသမီး ဟိုကပက်နေကြတာ ချောင်းရေမြောင်းရေတွေ ပက်နေကြတာကလဲ ခလေးတွေ နောက်ပြီး

- မရဘူး မရဘူး ကိုပျော်သော်ကြီး မပျော်ရမှာစိုးလို့ မှုတ်လား

- မဟုတ်ရပါဘူးမင်းသမီးရာ မင်းသမီးမသိဘူးနော် ဝေဠုကနန္ဒာနဲ့အတူမထိုင်ရလို့ ဆိုပြီး ကျုပ်ကိုဂီယာထိုးသလိုလိုနဲ့  တံတောင်နဲ့ ခဏခဏတွက်နေဦးမယ်

- ခံလိုက်ပေါ့ နန်နာသို့ က ဗူးဆိုဖရုံမသီးဘူး

- မဖြစ်ဘူးထင်တယ်နော် ရေပက်တာ အရမ်းကြမ်းတယ်

- ကြမ်းကြမ်း

နောက်ဆုံးတော့ ပျော်တော်ဆက်ပဲ လက်လျှော့အရှုံးပေးလိုက်ရတယ်။ အလယ်ကဆိုတော့ ရမ်ပုလင်းထုတ်ထုတ်ကစ်ရတာမလွတ်လပ်တော့ဘူး။ မူးချင်တိုင်းလဲ မမူးရ၊ မြူးချင်တိုင်းလဲ မမြူးရ၊ အော်ချင်တိုင်းလဲ မအော်ရ၊ ပျော်ချင်တိုင်းလဲ မပျော်ရ။ အခုမှ ဒုက္ခနဲ့ လှလှတွေ့ နေပြီ။ နန္ဒာကတော့ အပျော်ကြီးကိုလွှတ်နေတော့တာပဲ။

ကော့မှူးမြို့ ကစထွက်လာပြီး တရုပ်ကုန်း ကသစ်ကုန်း အင်္ဂလုံးကျေးရွာရောက်တဲ့အထိ နန္ဒာပျော်နေအော်နေတုန်းပဲ။ အင်္ဂလုံးကျော်လို့  ဒေးဒနော ညောင်ငူကျေးရွာ လောက်ရောက်တော့ အသံနဲနဲတိတ်သွားပြီ။ ကမာပါ ထန်းတောလဲရောက်ရော လုံးဝအသံမထွက်နိုင်တော့ဘူး။

ထန်းတောကျေးရွာဆုံးတာနဲ့ ကွမ်းခြံကုန်းမြို့ မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်ဘုတ်ကို စတွေ့ ရပြီ။ အဲဒီရောက်မှ ရေပက်ပိုကြမ်းလာတယ်။ မြို့ အစရပ်ကွက်လဲဖြစ်တော့ လူနေစိပ်တယ်လေ။ အဲဒီမြို့ သစ်ရပ်ကွက်ကိုဖြတ်ပြီး ကြံခင်းတံတားကိုကျော်လာတော့ မြို့ ထဲကိုရောက်လာတယ်။ မြို့ လယ်ခေါင် ကျောက်တိုင်နားက ရွှေလမင်းလ္ဘက်ရည်ဆိုင်မှာ ခေတ္တနားကြပြန်တယ်။

ကားရပ်မှ နဘေးကအသံတိတ်နေတဲ့ နန္ဒာကိုသတိထားကြည့်မိတယ်။ မျက်နှာကြီးတစ်ခုလုံးနီရဲပြီး ငိုမဲ့မဲ့နဲ့  ပျော်တော်ဆက်ကိုပြန်ကြည့်တယ်။ ပြီးတော့ နှုတ်ခမ်းကိုလဲ ဖိကိုက်ထားသေးတယ်။ မဟုတ်မှလွဲရော ပျော်တော်ဆက်ကို နောက်တစ်ကြိမ်ရန်တွေ့ ဖို့ ပဲဖြစ်မည်။ သေချာပါသည် လ္ဘက်ရည်ဆိုင်ထိုင်ကြတော့ နန္ဒာ ငိုမဲ့မဲ့မျက်နှာနဲ့  ဝေဠုကိုဘာတွေ တွတ်တွတ်ပြောနေသည်မသိ။ ဒါကို ကုသိုလ်ကတွေ့ ပြီး အနားရောက်လာတယ်။

- မင်းသမီး ဘာဖြစ်လို့ လဲ ဝေဠု

- ဒီပျော်တော်ဆက်ကြီးလေ နန္ဒာ့ကို ပါးရိုက်လို့ 

- ဟာ ငပျော်ဟုတ်လား မင်းကိုသိပ်ယုံရတာမဟုတ်ဘူး မင်းကမူးလာရင် အထီးမှန်းမသိ အမမှန်းမသိ ခေါင်းမှန်းမသိ ဖင်မှန်းမသိဖြစ်ရော မင်းအကြောင်းငါသိတယ်နော်

- ဘုရားရေ ....... စွပ်စွပ်စွဲစွဲဗျာ ကျုပ်မင်းသမီးကို လက်ဖျားနဲ့ တောင်မထိမိပါဘူး

- မလိမ်နဲ့ ငပျော် ငါအခုချက်ချင်း ထုတ်လုပ်သူကိုဖုန်းဆက်လိုက်ရမလား

ဟာ ဘာတွေလဲကွာ မူးရတာတောင်အရသာမရှိတော့ဘူး။

- နေ နေကြစမ်းပါဦးကွာ မင်းသမီးကိုလဲ သေသေချာချာမေးကြည့်ကြစမ်းဦး ဘုရားစူး မိုးကြိုးပစ် မွေပွေးကိုက် ကားတိုက်သေ ကဲ အဲသလောက်ကိုကြိမ်တယ် ကျုပ် မင်းသမီးကို ပါးမရိုက်ရရိုးအမှန်ပါ

တဖြေးဖြေးနဲ့ ရုပ်ရှင်အဖွဲ့ သားတွေအားလုံး ပျော်တော်ဆက်တို့ စားပွဲနား စိတ်ဝင်တစားနဲ့ ရောက်လာကြသလို ကွမ်းခြံကုန်းမြို့ ကလူတွေလဲ ရုပ်ရှင်အဖွဲ့ သားတွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာကို ၀ိုင်းလာကြည့်ကြတယ်။ ဒီတစ်ခါတော့ ပျော်တော်ဆက်တို့  ဘာမှမဟုတ်ပဲနဲ့ အရှက်လုံးလုံးကွဲပါပြီ။ နာမည်လဲ လုံးဝအဖတ်ဆယ်မရအောင်ပျက်ပါပြီ။ ငိုချင်စိတ်ရော သေချင်တစ်ပြိုင်ထဲဝင်လာပြီး ရှေ့ က လ္ဘက်ရည်ခွက်ကိုခွဲပြီး လည်ပင်းပဲလှီးလိုက်ရမလား လှမ်းမြင်နေရတဲ့ လွတ်လပ်ရေး ကျောက်တိုင်ကြီးကိုပဲ ခေါင်းနဲ့ ပြေးဆောင့်လိုက်ရမလား ကျောက်တိုင်နောက်က ရေကန်ကြီးထဲပဲ ခုန်ချလိုက်ရမလား တောင်ဘက်ပိုင်းချောင်းထဲပဲ ဒိုင်ဗင်ထိုးချလိုက်ရမလားဖြစ်နေတယ်။

- ကဲ ကဲ ကဲ မင်းသမီးပြောတာနားထောင်ပါဦးဟ

ကိုအောင်သန်းဦး(အရိုင်း)၀င်ပြောမှ တွတ်တွတ် တွတ်တွတ်ပြောနေကြတဲ့ လူအုပ်ကြီးအသံ ငြိမ်သွားတယ်။ နန္ဒာငုံ့ ထားတဲ့မျက်နှာလေးကိုမော့ပြီး

- ဒီလူကြီးပေါ့ ဘေးအစွန်မှာထိုင်ရေပက်ခံပြီး အပျော်ကြီးပျော်နေသာကို နန်နာကအားကျပြီး နေရာလဲထိုင်ရင် ပျော်ရမယ်ထင်ပြီးနေရာလဲထိုင်သာ ပျော်သော့ပျော်ရပါသယ် ဒါပေမဲ့ ...

- ဒါပေမဲ့ ဘာဖြစ်လဲမင်းသမီး သူ့ နေရာလဲထိုင်ရပါ့မလားဆိုပြီး မကျေမနပ်နဲ့ မင်းသမီးကို ပါးရိုက်တာလား

- အဲလိုဟုတ်ဘူး သလမ်းလုံး မင်းသမီး ရုပ်ရှင်မင်းသမီး နန်နာလှိုင်ဆိုပြီး ရေ၀ိုင်းပက်ကြသာ .. ပက်သာက ရေခွက်တွေ ရေပုံးတွေနဲ့ ကားကလဲသွားနေသာဆိုသော့ မျက်နှာသခါထိရင် ပါးသခါရိုက်ခံနေသလိုပဲ အဲသာ ဒီလူကြီးကြောင့် ဒီလူကြီးနန်နာကို ပါးရိုက်တာ

- ဟာ

- ဟောဗျာ

အခုမှပဲ ဟင်းခနဲသက်ပြင်းချနိုင်တော့တယ်။ နန္ဒာတို့ လုပ်ချက်ကတော့ ပျော်တော်ဆက်တောင် ကိုယ့်ကိုယ်ကို သတ်သေရတော့မလိုလို။

- ဖြစ်မှဖြစ်ရလေမင်းသမီးရယ်

- ပျော်တော်ဆက်ကြီးလွန်တာပေါ့

- နန်နာ ဒီလူကြီးကို မကျေနပ်ဘူး ပြန်လျှော်ပေးရမယ်

ဟိုက် မပြီးသေးဘူးဟ။ သူ့ ဘာသာသူ သင်္ကြန်ပိုးထိုးပြီး ပါးရိုက် အဲ ရေပက်ခံရတာကိုပဲ ပျော်တော်ဆက်က ပြန်လျှော်ပေးရဦးမတဲ့။ လုပ်ကြပါဦး အရပ်ကတို့ ရေ ကြား ကြားလို့ ကောင်းရဲ့ လားလို့ ။

- ဘယ်လိုပြန်လျှော်ပေးရမှာလဲ

- တစ်ခုခုပြန်လုပ်ပေးရင်တော်ပြီ ကိုကုသိုလ်ပဲစဉ်းစားပေး

- ဒါဆို နန္ဒာလမ်းမှာ ပါးဘယ်နှစ်ချက်အရိုက်ခံရလဲပြော

ဟွင်း ... ကုသိုလ်တို့ က၀င်ဖွပြန်ပြီ။

- မရေနိုင်ဘူး အများကြီးပဲ

- ကဲ ငပျော်ကြီး ခင်ဗျားက နန္ဒာစိတ်ကျေနပ်အောင် ကိုယ့်ပါးကိုယ် နန္ဒာတော်ပြီပြောတဲ့အထိရိုက်ကွာ

မသာကြီး အကုသိုလ်ကြီး သူ့ ပါးမနာတိုင်း မင်းသမီးပါးဝ ဇာတ်ညွှန်းဆရာပါးချနေပါရောလား။

ပျော်တော်ဆက်က နန္ဒာလှိုင် ပါးရိုက်ခံရတဲ့ သင်္ကြန် လို့ ရေးမယ့်ဟာ ဒင်းလုပ်မှ ပျော်တော်ဆက် ကိုယ့်ပါးကိုယ်ပြန်ရိုက်တဲ့ သင်္ကြန် ဖြစ်တော့မယ်။

- အကုသိုလ်ကြီး သေနာကြီး ကျုပ်ပါးကျုပ်ပြန်မချရဲဘူးဗျ

- ဒါဆိုလဲ ငါချပေးမယ် မင်းသမီး ဘယ်လိုလဲ

- ဒီလူကြီး ပါးပြန်အရိုက်ခံရရင်ကျေနပ်ပြီ

ကောင်းရောကွာ ... စိတ်ရှိသလောက်သာရိုက်ပေတော့ အကုသိုလ်ကြီးရေ ...

ဖြန်း ဖြန်း



ဖြန်း ဖြန်း

- ဟင် ... သူများတွေ သင်္ကြန်တွင်းဆို ဘုရားသွား ဥပုဒ်စောင့် သီလယူ ပုတီးစိတ်ကြတယ် ဒင်းကတော့ အရက်လေးတမြမြနဲ့  အရပ်တကာလှည့်သောက်ပြီး မူးနေတယ် ပြန်လာတော့လဲ ကောင်းကောင်းမလာဘူး အရက်ဖိုးမပေးလို့ မိန်းမကိုရန်ရှာသေး ဒင်းပေးထားတာ ဘယ်နှစ်ပြားရှိလို့ လဲဟင် ပိုက်ဆံမရတော့ ကလေးတွေကိုမဲရိုက် ဒါကောင်းလား သေနာကြီး ကျမကလေးတွေကိုရိုက်တဲ့ရှင့်ကို ပြန်ရိုက်ရမှကျေနပ်မယ်

ဖြန်း ဖြန်း ... ... ...


အား ...

အားပါးပါး ... တယ်လက်သံပြောင်တဲ့မိန်းမ ...

မျက်လုံးထဲ ကြယ်တွေ လတွေ ပျံကုန်ပြီ ...

အမူးလဲ ပြေချင်သလိုလို ဖြစ်ပြီ ...

"နန္ဒာလှိုင်ပါးရိုက်ခံရတဲ့သင်္ကြန်" ပို့ စ်လေး တင်ဖို့  စဉ်းစားထားတာတွေလဲ ဘယ်ရောက်သွားမှန်း မသိတော့ပြီ ...

အင်တာနက်ဆိုင်ထိုင်ဖို့  ပိုက်ဆံလေး ပင်လယ်ဘီအီးထဲ မျောသွားပြီ ...

ဘာပဲဖြစ်ဖြစ် ပျော်တော်ဆက် သူငယ်ချင်းတွေအတွက် ဒီပို့ စ်ကို ဒီနေ့ မရ ရအောင် အကြွေးနဲ့ ဆိုင်ထိုင်ပြီးတင်မယ် ... တင်ကိုတင်ရမယ် ... ဟီးဟီး ...

စိုင်းစိုင်းခမ်းလှိုင် ပြေတီဦး နဲ့  ပျော်တော်ဆက်



တလောက သရုပ်ဆောင်မော်ဒယ်တစ်ဦးရဲ့  မွေးနေ့ ပွဲကို ပျော်တော်ဆက်တက်ဖြစ်ခဲ့တယ်ဆိုပါတော့။ ဘယ်သူ့ မွေးနေ့ လဲလို့ တော့မမေးနဲ့ နော် ဟဲဟဲဟဲ။ မွေးနေ့ ပွဲကတော်တော်စည်သဗျ။ လာကြတဲ့သူတွေဝတ်စားထားတာကလဲ ပြိုးပြိုးပြက်ပြက်နဲ့  မျက်စေ့တွေတောင်ကြိမ်းသဗျာ။ ပျော်တော်ဆက် ဒါတွေ စိတ်မ၀င်စားပါဘူး။ ပျော်တော်ဆက် စိတ်ဝင်စားတာ ဧည့်ခံတဲ့ အစားအသောက်တွေလေ။ နောက်ပြီး လှတပတ မော်ဒယ်မလေးတွေ ငှီးငှီး။ ဒီပွဲကိုပျော်တော်ဆက်ရောက်တာတော်တော်စောတယ်။ ဟိုသီချင်းလေးလိုပေါ့။ လာလေစောစောသွားမှ တို့ နေရာရမယ် ဆိုတာလေ။ နောက်ကျတာ သေတာတစ်ခုပဲကောင်းတာမဟုတ်လား။

ပျော်တော်ဆက်ရောက်တော့ လူသိပ်မရှိသေးဘူး။ ၈ ယောက်ထိုင် စားပွဲကြီးမှာ ပျော်တော်ဆက် တစ်ယောက်ထဲရယ်။ တအောင့်လောက်နေမှ စုံတွဲတစ်တွဲရောက်လာတယ်။ ပျော်တော်ဆက်စားပွဲမှာ လာထိုင်တာနဲ့ ဘယ်သူတွေလဲလို့ မော့ကြည့်လိုက်တော့ ...


ပြေတီနဲ့ အမွန်တို့ ဖြစ်နေတယ်။ နောက်ထပ် ၅ မိလောက်နေတော့ နောက်ထပ် စုံတွဲတစ်တွဲရောက်လာပြန်တယ်။ သူတို့ လဲ ပျော်တော်ဆက် စားပွဲမှာပဲ ၀င်ထိုင်လိုက်ကြတယ်။ သူတို့ ကစိုင်းစိုင်းနဲ့ ဝတ်မှုန်လေ။

ထိုင်ထိုင်ချင်းပဲ စိုင်းစိုင်းကနှုတ်ဆက်တယ်။

- ကိုပျော့တော့ကြီး ရောက်နေတာကြာပြီလား

တဲ့။ စိုင်းစိုင်းတို့ ကတော့လုပ်ချလိုက်ပြန်ပြီ။ ပေါက်တောက်ကရပြောရမယ်ဆိုရင် သူကထိပ်ဆုံးက။

- ပျော်တော်ဆက်ကြီးပါ မင်းလုပ်မှပဲ ပျော့တော့ကြီးဖြစ်တော့တယ်

- ဟားဟားဟားဟား

သူကသဘောကျပြီး အားရပါးရရယ်သည်။

- စ တာပါဗျာ ဒါနဲ့ တစ်ယောက်ထဲလား

ဟွန်း ... တစ်ယောက်ထဲ မြင်ရက်သားနဲ့ တစ်ယောက်ထဲလားတဲ့ ။ သူတို့ ကအတွဲလေးတွေနဲ့ ဆို လူကို ရိတာပေါ့လေ။

- ဒါပေါ့

- ခေါ်မလာဘူးလား

ဒီမေးခွန်းကို ပြေတီကမေးတာ။ ပျော်တော်ဆက် နဲနဲတော့ တင်းသွားတယ်။ ဘယ်သူ့ ကိုခေါ်လာရမှာလဲ။ ဒီလောက်ရုပ်ဆိုးဆိုးပျော်တော်ဆက်ကို ဘယ်သူကရော စိတ်ဝင်စားကြမှာမို့ လို့ လဲ။

- ခေါ်လာစရာမလိုပါဘူး။ ဒီနေရာမှ ကြိုက်တဲ့သူ တစ်ထိုင်တည်းတွဲလို့ ရတယ်

ပျော်တော်ဆက်လဲ ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တာ။ အဲလောက်များအဖြစ်ရှိရင် ပျော်တော်ဆက်တို့  ဟောတစ်ယောက် ဟောတစ်ယောက်ပေါ့။ အခုတော့ ...

- ဟာဟ ကိုပျော့တော့က အလာကြီးပါလား။ မယုံဘူး လာဖြီးမနေနဲ့ 

စိုင်းစိုင်းကလူကိုလာဆွပေးနေပြန်ပါပြီ။ စိတ်တိုပြီး အူထဲလိပ်လိပ်ဖြစ်လာသလိုပဲ။

- စိမ်မလား

- ဘာကြေးလဲ

- အမွန်လေးကိုပေးမယ်ဗျာ ခင်ဗျားကြီးရှုံးရင်ရော

အဟီး... ပျော်တော်ဆက်မှာ ဘာမှပြန်ပေးစရာမှမရှိတာ။

- ကိုပြေကလဲ

အမွန်က ရှက်စနိုးနဲ့ ပြေတီကိုလက်သီးဆုပ်နဲ့  ခပ်ဖွဖွလှမ်းထုတယ်။

- ငါ့မှာပေးစရာဆိုလို့  တွမ်ထားတဲ့ ဒီဝိုင်းက ကိတ်တွေပဲရှိတယ် ဟဲဟဲ ဒါမှမဟုတ်မင်းတို့ ကြိုက်တာခိုင်းကွာ ဘယ်လိုလဲ

- ရတယ်ရတယ် နောက်မှ မလုပ်နိုင်ဘူးမပြောနဲ့ 

- မပြောဘူး မင်းတို့ သာ နောက်မှ နောင်တမရနဲ့ 

- ကိုပျော့တော့ကြီးလေသံကမာလှချည်လား လုပ်စမ်းပါဦး ဘယ်လိုစိမ်မှာလဲ

- ကကြီး ခကွေးမေးမယ်ကွာ မဖြေနိုင်ရင် မင်းတို့ အရှုံး

- ဟားဟားဟားဟား ဒါများကိုပျော့တော့ရယ် စိုင်းစိုင်းတို့ က ဟစ်ဟော့တွေဆိုနေတာ ကကြီး ခကွေးလောက်ကတော့ ပြောင်းပြန် ပြန်ရွတ်လို့ ရတယ် ဟားဟားဟားဟား

- မင်းရှုံးရင် ၀တ်မှုန်ကိုပေးရမှာနော်

- ပေးတယ် ပေးတယ် ဆယ်ခါပြန်ပေးတယ် မေးမှာသာမေး

- ဒါဆိုမေးပြီ

- ကကြီးပြီးတော့ ဘာလဲ

- လွယ်လွယ်လေး ခကွေးပေါ့

- ခကွေးပြီးတော့

- ဂ ငယ်ပေါ့

- ဂ ငယ်ပြီးတော့

- ဃ ကြီးလေ

- ဃ ကြီးပြီးတော့ရော

- င ဗျာ

- င ပြီးတော့

- စ လုံးခဗျ

- စ လုံးပြီးတော့

- ဆ လိမ်

- ဆလိမ်ပြီးတော့

- ဇ ကွဲလေ ဇကွဲ

- ဇကွဲပြီးတော့

- ဈ မျဉ်းဆွဲ ဟုတ်တယ်နော်

- ဈမျဉ်းဆွဲပြီးတော့

- ည

- ည ပြီးတော့

- ဋ တလင်းချိတ်

- မှားပြီ .. ည ပြီးတော့မနက်ဟ လာထား ၀တ်မှုန် ပိုင်လိုက်တာကွာ ဒုံ ...

- စိုင်းစိုင်း လုပ်ဦး

ဝတ်မှုန်လေးက ပျော်တော်ဆက်ဘေးကခုံအလွတ်မှာ ပြောင်ထိုင်းရင် စိုင်းစိုင်းကိုလှမ်းပြောတယ်။ စိုင်းစိုင်းက ခေါင်းကိုကုတ်ရင်း

- ကိုပျော့တော့ကြီး လူလည်ကျသွားပြီး သွားပါပြီ ငါ့ဝတ်မှုန်လေးတော့ ပြေတီရေ ကယ်ပါဦးဟ

ပြေတီ ကော်လံကိုလက်နှစ်ထက်နဲ့ကိုင်ရင်း...

- ပြေတီရှိပါသေးတယ် မပူပါနဲ့ စိုင်းစိုင်းရာ ဒီလူကြီးဝတ်မှုန်ကိုပြန်ပေးရတဲ့အပြင်ငါတို့ ခိုင်းတာလုပ်ရအောင် လုပ်ပြမယ်

- ကိုပြေ စဉ်းစားဦးနော်

အမွန်က စိုးရိမ်တကြီးဆိုသည်။

- ကဲ စိမ်မှာလား မင်းရှုံးရင် အမွန့် ကိုပေးရမှာနော်

- စိမ်တယ်ဗျာ

- ဒါဆိုမေးပြီ

- မေး

- က ကြီးဘေးကဘာလဲ

- ခ ကွေးပေါ့ လူကြီးရဲ့ 

- ဟုတ်ပါပြီ ခကွေးဘေးက

- ဂ ငယ်လေ ဂ ငယ်

- တော်နေတယ်ပေါ့ ဂငယ်ဘေးက

- ဃ ကြီး

- ဃကြီးဘေးက

- င

- င ဘေးက

- စ လုံး

- ဟားဟားဟား မှားပြန်ပြီ နောက်တစ်ယောက် ငါ့ဘေးမှာ ၀တ်မှုန်လေးလေ အခုနကမှ ဆွဲစိထားတာ ပူပူနွေးနွေးလေးရှိသေးတယ် လာထား စားတယ် အမွန်ကို

- ကိုပြေ ဒီလူကြီးနားမနေချင်ဘူး လုပ်ဦး ...

အမွန်လက်ကိုဆွဲပြီး နဘေးကခုံမှာ အထိုင်ခိုင်းတော့ အမွန်ကအင်တင်တင်နဲ့ ပြေတီ့ကိုလှမ်းပြောနေတယ်။ စိုင်းစိုင်းနဲ့ ပြေတီ နှစ်ယောက်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပဲ ထိုင်ရမလို ထရမလိုဖြစ်နေတယ်။

ကဲ ... မှတ်ပလား။ လူကို ချိုကျိုးနားရွက်ပဲ့ဆိုပြီး ရိချင်တဲ့ကောင်တွေ။

ဒီနေ့  ပျော်တော်ဆက်တို့ များ ကံကောင်းချက်က နေ့ ချင်းညချင်း နာမည်ကျော် မင်းသမီးနှစ်ယောက်ကို တပြိုင်ထဲတွဲလိုက်ရတာ .. ဟားဟားဟား

- ယောက္ခမကရော့ဟေ့ ယောက္ခမကရော့စတား

- ဟေ့လူ အဲဒါ ကျုပ်သီချင်း မဆိုနဲ့ 

သိနေတယ်လေ သိနေတယ်။ စိုင်းစိုင်းတစ်ယောက် ပေါက်ကွဲပြီး လျှောက်ပြောနေတယ်ဆိုတာ။

ပြေတီကတော့ မျက်နှာကြီးနီရဲပြီး ပျော်တော်ဆက်ကို ဘုကြည့် ကြည့်နေတယ်။

သူတို့ နှစ်ယောက်ကို ထပ်ကလိချင်တာနဲ့  ၀တ်မှုန်နဲ့ အမွန်တို့ လှမ်းဖက်ပြီး သီချင်းဆိုနေလိုက်တယ်။

- ငါလဲဆိုလို့ ရတာပဲ ဆိုတော့ဘာဖြစ်လဲ xxx ၀တ်မှုန် လှုပ်ပါဟေ့ အမွန်လဲ လှုပ်ပါဟေ့ xxx သူများအကြောင်းလဲမပြောတတ်ပါ ၀တ်မှုန် အမွန်နဲ့  ဘာညာကွိကွ xxx အမိုက်စား အမိုက်စား အမိုက်စား ၀တ်မှုန် အမွန်တို့  အမိုက်စား xxx ဒီနေရာမှာ နဲနဲလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း xxx ပျော်တော်ဆက်က မင်းသမီးနှစ်ယောက်နဲ့ ပွေ့ ဖက်ခြင်း xxx ဟိုရှေ့ ဘက်က ငနဲနှစ်ယောက်ကို ခေါက်ထားလိုက် xxx ပြေတီဦးနဲ့ SAI xxx

- ဒီနေရာမှာ နဲနဲလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း ပျော်တော်ဆက်က မင်းသမီးနှစ်ယောက်ကို ပွေ့ ဖက်ခြင်း ခြင်း ......

- ဟဲ့ သေနာကြီး မနက်စောစောစီးစီး ဘာတွေ ထအော်နေတာလဲ ဗိုက်ဆာနေရင်လဲထစား ပဲပြုပ်နဲ့ ထမင်းကြမ်းရှိတယ်

- ဟေ ......

အားပါး ... သေပါပြီဆရာ ...

သေနာမ ဒီမှာအိပ်မက်လေးကောင်းနေတာကို လာဖျက်တယ် ဒင်းတော့လား ဟွန်း ထမင်းကြမ်းစားပြီးမှ အတင်းနမ်းလိုက်ရဦးမယ် ...


နားပါဦးမည်